International News

ဂျာမနီနိုင်ငံရှိ စားသောက်ကုန်လုပ်ငန်းများအခြေအနေ

Last Updated:

ဂျာမနီနိုင်ငံရှိ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် အာလူးထုတ်လုပ်သူများအသင်း (Federal Association of Fruit, Vegetable and Potato Processors -BOGK) သည် အဖွဲ့ဝင်ကုမ္ပဏီများနှင့် သက်ဆိုင်ရာကဏ္ဍများကို ကိုယ်စားပြု၍ မူဝါဒ၊ ဈေးကွက်၊ ကုန်ကြမ်းရရှိမှု၊ ထောက်ပံ့ပို့ဆောင် မှု အစရှိသည်တို့အတွက် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။

အာလူးစိုက်ပျိုးထုတ်လုပ်မှုပိုင်းတွင် ကုန်ကြမ်းအပါအဝင် အခြားထောက်ပံ့ပို့ဆောင်မှုနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုများအတွက် အသင်း ၏ Managing Director ဖြစ်သူ Mr. Horst-Peter Karos က စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်ပစ္စည်းများသည် စွမ်းအင်ဈေးနှုန်းများနှင့်အတူ ဓါတ်မြေ ဩဇာ၊ ပိုးသတ်ဆေးဈေးနှုန်းများလည်း များစွာမြင့်တက်လာနေကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် အခက်အခဲများကြောင့်လည်း စိန်ခေါ်မှုတစ်ရပ် နှင့် တွေ့ကြုံနေရကြောင်း၊ ကုမ္ပဏီများအနေဖြင့် စားသောက်ကုန်များနှင့် အာလူးကုန်ချောများထုတ်လုပ်နိုင်မှုနှင့် စားသုံးသူများအတွက် အာမခံ ချက် ပေးနိုင်မှုတို့သည်လည်း မေးခွန်းထုတ်စရာဖြစ်လာကြောင်း ပြောကြားခဲ့ပါသည်။

စားသောက်ကုန်ထုတ်လုပ်ရာတွင် လိုအပ်သောထုပ်ပိုးမှုစရိတ်များနှင့် နေကြာဆီကဲ့သို့ ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမြင့်တက်လာနေပြီး စိုက်ပျိုး ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော ယူကရိန်းနိုင်ငံမှ အလုပ်သမားများနှင့် ကားမောင်းသူများကို ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားမှုတွင် ဆုံးရှုံးရခြင်းများလည်း ရှိခဲ့ပါသည်။ BOGK အနေဖြင့် အာလူးထုတ်လုပ်မှုလုပ်ငန်းအတွက် ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင်လည်း စိန်ခေါ်မှုများနှင့် ဆက်လက်တွေ့ကြုံရနိုင်ကြောင်း၊ လက်လီရောင်းဝယ်သူများနှင့် စာချုပ်ချုပ်ဆိုမှုများ အပြီးသတ်ပြုလုပ်နိုင်ရေးအတွက် ပိုမို ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်ကျစရိတ်များ ပြန်လည်တွက်ချက်ခြင်းတို့ လိုအပ်ကြောင်း ခန့်မှန်းထားရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.bogk.org/

 

Category: International News